၆၅၉။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၃)

503 42 0
                                    

၆၅၉။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၃)

ယဲ့မေ့ ခေါင်းခါလိုက်သည်။

သခင်ကြီး ဂျူးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ညွှန်ကြားချက် ချန်မထားခဲ့ဘူး၊ ငါတို့ ကိုယ့်ဘာသာ ဆုံးဖြတ်လို့ မဖြစ်ဘူး၊ ပြီးတော့လည်း.... ယဲ့မေ့ မျက်မှောင်ကုတ်၍ ပြောသည် သခင်ကြီး ဂျူး, သခင်မလေးကို သူ့ရဲ့ အစစ်အမှန် ဇာစ်မြစ်ကို ဖော်မပြတဲ့ အကြောင်းပြချက်က သူမအပေါ် အန္တရာယ်တွေ ကျရောက်လာမှာ စိုးလို့ ထင်တယ်၊ အဲလူတွေက ခုထက်ထိ သခင်ကြီး ဂျူးကို လိုက်လံ နှိပ်စက်ဖို့ လက်မလျှော့ကြသေးဘူး။

ယဲ့ရှက သူ့လက်ဖဝါးမှာ လက်သီးဖြင့် တဖြန်းဖြန်း ရိုက်မိသည်။

အဲတုန်းက ငါတို့သာ သူတို့ ထောင်ချောက်ထဲ မကျရောက်ခဲ့ရင်, အဲနိမ့်ကျတဲ့ အင်းဆက်တွေ, ငါတို့ သခင်ကြီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒီလောက် နှစ်တွေ အကြာကြီး ငါတို့ သခင်ကြီး အပိတ်ခံလိုက်ရတာ ငါတို့ အတွက် ရှက်စရာပဲ၊ ငါတို့ သခင်ကြီးရဲ့ စွမ်းအားတွေလည်း လျော့နည်းသွားရတယ်၊ နို့မို့ဆို အရင်က အရှက်ခွဲခဲ့တဲ့ ကောင်တွေကို ဖယ်ရှားပစ်ဖို့ ငါတို့ သခင်ကြီးနောက်ကနေ အရင်ဆုံး လိုက်သွားမဲ့သူက ငါပဲ ဖြစ်လိမ့်မယ်။

ထိုအချိန်တုန်းက ဂျန်ဝုယောင်းအား ဖြစ်ပျက်ခဲ့သည့် အရာများက ယဲ့ရှနှင့် သူတို့ ရဲဘော်ရဲဘက်များ၏ စိတ်နှလုံးမှာ ဆူးစူးဝင်နေသလို ဖြစ်နေဆဲ ဖြစ်သည်။

သူတို့ သခင်ကြီးအား အရှက်ခွဲရအောင် လုပ်မိတာက သူတို့ နောက်လိုက်များ၏ ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်။

ထိုအချိန်တုန်းက ဂျန်ဝုယောင်း၏ တည်နေရာကို ရှာဖွေဖို့ တာဝန်သာ သူတို့မှာ မရှိခဲ့လျှင်, သူတို့ သခင်ကြီးအား ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့သော ပြစ်မှုအတွက် သူတို့ အသက်များကို ပေးဆပ်ပြီး ဖြစ်သွားခဲ့လိမ့်မည်။

ဒါတွေ အကုန်လုံး အတိတ်မှာ ကျန်ခဲ့ပြီ၊ သခင်ကြီး ဂျူး ဘယ်လို ကိုင်တွယ်မလဲ ဆုံးဖြတ်မဲ့ အချိန်ကို ငါတို့ စောင့်ရုံပဲ ရှိတော့တယ်၊ ဒါပေမဲ့ ငါတို့ မြင်ရသလောက်ဆိုရင်, သခင်မလေးက ချောက်နက်ထဲ ဆင်းဖို့ ဆုံးဖြတ်ထားပြီးပုံပဲ၊ ငါတို့ သူမကို အဖြစ်မှန် ထုတ်ပြောလို့ အဆင်မပြေဘူးဆိုရင်, အနည်းဆုံးတော့ သူတို့နဲ့ အတူတူ ဆင်းလိုက်သွားရုံပဲ၊ ပထမအချက်က... ငါတို့ သခင်မလေးကို စောင့်ရှောက်ဖို့ အခွင့်အရေး ရှီလိမ့်မယ်၊ ဒုတိယအချက်က... ချောက်နက်ထဲက နေရာက အမှောင်နိုင်ငံက တကယ် တည်ဆောက်ထားတာ ဟုတ် မဟုတ် ငါတို့ သေချာအောင် လုပ်နိုင်လိမ့်မယ်။ ထိုသို့ သုံးသပ်ပြီးနောက် ယဲ့မေ့က ၎င်းအချက်က အဆင်ပြေကြောင်း သတိပြုမိသွားသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz