၈၀၁။ အတွင်းသတင်း

364 36 0
                                    

၈၀၁။ အတွင်းသတင်း

လိပ်ပြာတိုက်ပွဲကို ရန်တိုင်းပြည်က တောက်လျောက် အိမ်ရှင်အဖြစ် ကျင်းပပေးလာခဲ့သည်။ စတင်ကျင်းပလာကတည်းက မည်သည့် ကြိုးကိုင်ခြယ်လှယ်မှုမျှ မဖြစ်ပေါ်ခဲ့ပေ။ သို့သော်ငြား ဒီနှစ်မှာတော့ အိမ်ရှေ့စံဖြစ်သော လေ့ချန်က သူ့လိုအင်ဆန္ဒပြည့်ဝအောင်မြင်ဖို့ သူ့ရာထူးကို အလွဲသုံးစားလုပ်လာသည်။ ဂျန်ဝုရှီကို ပြိုင်ပွဲမှာ ရှေ့ဆက် တိုးတက်သွားစေဖို့ သူ့ပြိုင်ဘက်များကို ဖိနှိပ်ခဲ့သည်။

ဒါက ဘုရင့်နေပြည်တော်မှာ အလွန် အုတ်အော်သောင်းနင်း ပေါက်ကွဲသွားစေသော သတင်း ဖြစ်သည်။

၎င်းသတင်း စစ်မှန်ကြောင်းကို တချို့က တကယ်ပင် သံသယရှိကြသည်။ သို့သော် တတိယအကျော့မှာ ဂျန်ဝုရှီနှင့် ပြိုင်ဆိုင်ရမည့် ကျောင်းသားက ဒဏ်ရာများဖြင့် လမ်းမပေါ်မှာ ထွက်ပေါ်လာချိန်မှာတော့ ထိုသံသယများ အားလုံး ချက်ချင်းပင် ပျောက်လွင့်သွားကြလေ၏။

ထို့နောက် အလွန် မြန်ဆန်သော နှုန်းဖြင့် ၎င်းသတင်းက ကျောင်းတော်အသီးသီးသို့ ရောက်ရှိသွားလေ၏။

လတ်တလောတွင် လေ့ချန်က လေညင်းကျောင်းတော်နှင့် ရင်းနှီးမှုကို ရယူနေခြင်းက လူတိုင်း မြင်သာသာ အမှန်တရား ဖြစ်သည်။ လေ့ချန်က ညီငယ်လေး ဂျန်ဟူ၍ ညစာစားပွဲတွင် ချစ်မြတ်နိုးစွာ ခေါ်ဝေါ်သုံးစွဲပုံက လူတိုင်း၏ စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိသေးသည်။ သူတို့က အရိပ်ပြ၍ အကောင်ထင်လာချိန်မှာ လူတိုင်းက လေ့ချန်၏ ဖုံးထားသော အကြောင်းရင်းကို နားလည်စ ပြုလာကြသည်။

ဂျန်ရှီကို လိပ်ပြာတိုက်ပွဲမှာ အကျော့များများ တက်စေဖို့ သူက အခွင့်အာဏာကို မလျော်မကန် အသုံးချလိုက်ခြင်း ဖြစ်သည်။

ထိုသတင်းကြားပြီးနောက် လိပ်ပြာတိုက်ပွဲဝင်များ အားလုံး ချက်ချင်းပင် ဒေါသများ ဆူပွက်လာကြသည်။ လိပ်ပြာတိုက်ပွဲက ကျောင်းတော်များကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆွဲဆောင်နိုင်သည်။ အကြောင်းက တရားမျှတ၍ ဘက်လိုက်မှု မရှိသောကြောင့် ဖြစ်သည်။ အရည်အချင်းကောင်းများ ရှိသော လူငယ်များက သူတို့၏ အကောင်းဆုံး စွမ်းရည်များကို ဒီတိုက်ပွဲမှာ လွတ်လွတ်ကျွတ်ကျွတ် ထုတ်ဖော်ပြဖို့ လာရောက်ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now