၄၁၈။ "ဖန်ညီအကို - ၂"

532 47 0
                                    

၄၁၈။ ဖန်ညီအကို - ၂

ဂျန်ဝုရှီက သူမရှေ့တွင် ထိုင်နေသော ဖန်ဇိုကို ကြည့်လိုက်သည်။ သူမက ဖန်ဂျင့်ဘေးနားမှ ချည့်နဲ့သော ခန္ဓာကိုယ်ပိုင်ရှင်၏ မူရင်းဇာစ်မြစ်ကို ချက်ချင်း သတိပြုမိသည်။

လေညင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးမှာ သားနှစ်ယောက်ရှိသည်။ မွေးစားသားဖြစ်သော ဖန်ဂျင်နှင့် သူမကို အပြုံးဖြင့် ကြည့်နေသော ဖန်ဇိုဟူသော နောက်တစ်ယောက် ဖြစ်သည်။

ဖန်ဇိုက ကျောင်းအုပ်ကြီး၏ သွေးသားရင်း သားဖြစ်သည်။ သို့သော် သူက တခြားသူများနှင့် နှိုင်းယှဉ်လျှင် အင်အားချည့်နဲ့သော ခန္ဓာကိုယ်အနေအထားဖြင့် မွေးဖွားလာခဲ့သည်။ သူက အသက် ၁၆နှစ်ရှိပြီး အပြင်သို့ ထွက်ခဲလှသည်။ ဖန်ဇို၏ အားနည်းသော ခန္ဓာကိုယ်ကြောင့် သက်သက်သာသာ နေထိုင်ရန် ကျောင်းအုပ်ကြီးက ပြောထားသည်။ သူ အသက်ရှင်သန်ရေးအတွက် ကျောင်းအုပ်ကြီးက ချမ်းသာသမျှ အိတ်သွန်ဖာမှောက် အသုံးပြု၍ ခန္ဓာကိုယ် သန်မာစေသော ဆေးဝါးများ အားဆေးများကို တစ်ပုံတစ်ပင် ရှာဖွေပေးထားသည်။

ဇန်ဇို၏ အနေအထားကို အပြင်လူများ အနည်းငယ်သာ သိသည်။ သူ၏ အားနည်းသော ခန္ဓာကိုယ်အနေအထားကြောင့် ဝေဒနာခံစားနေရကြောင်းကိုသာ သိထားကြသည်။

ဂျန်ဝုရှီက ဖန်ဇို၏ မျက်နှာအနေအထားကို လျှို့ဝှက်သိုသိပ်စွာ လေ့လာစူးစမ်းလိုက်သည်။

လျော့ရဲရဲ ဝတ်စုံ၏ အောက်တွင် ပိန်ချုံးချည့်နဲ့သော ခန္ဓာကိုယ်က အရိုးပေါ် အရေတင်ဖြစ်နေသည်။ မြင်ရသူများအား စိုးရိမ်ပူပန်စွာ တွန့်ဆုတ်သွားစေမိမှာ ဖြစ်သည်။ သူ့ အသားအရေက သေမလောက် ဖြူရော်နေပြီး ပိန်ပါးသော အရေပြားအောက်တွင် အကြောများ ပြိုင်းပြိုင်းထနေကြသည်။ အားနည်းချည့်နဲ့သော ခန္ဓာကိုယ်ကြောင့် ဆင်းရဲဝေဒနာခံစားရခြင်းကို သာမန်လူများအနေဖြင့် နားလည်နိုင်ကြမည် မဟုတ်ပေ။ သို့သော် သည်လို အနေအထားမှာ နာကျင်ပင်ပန်းနေသော်လည်း ဖန်ဇို၏ နှလုံးသားက မာကျောနေတာကို တွေ့မြင်နိုင်သည်။ သူ၏ စစ်မှန်သော အပြုံးက ဘယ်အချိန်မဆို အသက်ထွက်သွားနိုင်သော သူ့ကို သူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်မိမည်ပင် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang