၈၂၈။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၃)

293 34 0
                                    

၈၂၈။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၃)

တိုက်ပွဲစတင်မြင့်တွင် ဂျန်ဝုရှီနှင့် ဇောင်းရွှမ်တို့က အချင်းချင်း မျက်နှာချင်းဆိုင်နေကြသည်။ အနေအထားက ရင်တုန်းပန်းတုန်းပင် ဖြစ်စေသည်။ သူတို့ကို ကြည့်နေကြသော လူငယ်များက အတော်ကြီးကြာမှ စိတ်ပြန်လည်လာကြသည်။ ယှဉ်ပြိုင်ပွဲက စတင်တော့မည့်ပုံ ပေါ်သည်။

ဇောင်းရွှမ်... ဒါက တကယ်ပဲ ယောက်ျားပီသတဲ့ လုပ်ရပ်ပဲ... မင်းက တကယ်ပဲ အိမ်ရှေ့စံကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိနေတာပဲ... ဒီပွဲက အရမ်း ကြီးကျယ်သွားမှာပဲ....

ငါလည်း ဒါပဲ ပြောချင်နေတာ၊ တစ်ယောက်ယောက်က တစ်နေ့နေ့မှာ ဂျန်ရှီကို သင်ခန်းစာကောင်းကောင်း ပေးမှာ သေချာသလောက်ပဲလေ၊ ဒီကောင်လေးက အချိန်မစေ့သေးဘူးလို့တောင် ပြောရဲသေးတယ်လား၊ အခု သူကိုယ်တိုင် ‌ကောက်ယူထားတဲ့ ကျောက်ခဲက သူ့ခြေထောက်ပေါ် ပြုတ်ကျသွားပြီပဲ၊ ဇောင်းရွှမ်က ပေါ်လာပြီ... အဲကောင်လေးရဲ့ လက်လေး ခြေလေးတွေ ကြည့်ထား... သူ ဇောင်းရွှမ်ရဲ့ တစ်ချက်ရိုက်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။

ယှဉ်ပြိုင်ပွဲ စတင်တော့မည် ဖြစ်၍ လူငယ်များက မျှော်လင့်ချက်များဖြင့် ဆူပွက်နေကြသည်။ သူတို့အားလုံး လေ့ချန်ကို မဆန့်ကျင်ရဲကြချေ။ မဆန့်ကျင်ရဲကြသော်လည်း ဂျန်ရှီ ထိခိုက်ဒဏ်ရာရသွားမှာကို မမြင်ချင်ဟူ၍တော့ မဆိုလိုပေ။

တိုက်ပွဲကွင်းပြင်တွင် ဂျန်ဝုရှီ၏ သေးသွယ်သော ခန္ဓာကိုယ်က ဇောင်းရွှမ်၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှေ့တွင် ပိုမို၍ အားနည်းချည့်နဲ့သယောင် ဖြစ်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘယ်သူ ပိုသန်မာသလဲဆိုတာ ရှင်းလင်းနေလေပြီ။

လူတကာရှေ့မှာ ဂျန်ရှီ မည်သို့ အရိုက်ခံလိုက်ရမလဲဆိုတာ လူတိုင်းစိတ်ထဲမှ မျှော်လင့်နေသော အရာ ဖြစ်သည်။

တိုက်ပွဲစတင်ကြောင်း ခေါင်းလောင်း တီးလိုက်သည်နှင့် တိုက်ပွဲစင်မြင့်တွင် ရပ်နေသော ဂျန်ဝုရှီက နောက်ဆုံးတွင် လှုပ်ရှားလာတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now